Wednesday, August 1, 2012
ဒါကတော့ ခုနက ကဗျာလေးကို မြန်မာလိုပြန်ထားတာပါ
ကွက်လပ်လေးများ
ဒီနေရာမှာ ပညာတတ်တွေပေါတယ်ငါ ဆရာ လုပ်ဖို့မလိုဘူးကမ္ဘာတစ်ဖက်မှာလမ်းပျောက်နေတဲ့ မျက်လုံးတွေရှိတယ်။
ဒီနေရာမှာ ပါရဂူတွေပေါတယ်ငါ ဆရာဝန် လုပ်ဖို့မလိုဘူးကမ္ဘာတစ်ဖက်မှာအသက်ငင်နေတဲ့ ၀ိညာဉ်တွေရှိတယ်။
ဒီနေရာမှာ မိုးလုံ လေလုံတယ်ငါ အင်ဂျင်နီယာ လုပ်ဖို့မလိုဘူးကမ္ဘာတစ်ဖက်မှာကြယ်မြင်လမြင် မိသားစုတွေရှိတယ်။
ဒီနေရာမှာ အစာရေစာဝတယ်ငါ ဘာမှ စိုက်ပျိုးနေဖို့ မလိုဘူးကမ္ဘာတစ်ဖက်မှာဆာလောင်နေတဲ့ အစာအိမ်တွေရှိတယ်။
ဒီနေရာမှာ လွတ်လပ်မှုတွေ စီးဆင်းတယ်ငါ အော်ဟစ်နေဖို့မလိုဘူးကမ္ဘာတစ်ဖက်မှာအပိတ်လှောင်ခံ လွတ်မြောက်လိုစိတ်တွေရှိတယ်။
ဒီနေရာမှာ နီယွန်မီးတွေလင်းတယ်ငါ့ကိုယ်ငါ ထွန်းညှိစရာမလိုဘူးကမ္ဘာတစ်ဖက်ခြမ်းမှာအမှောင်ကြီးစိုးတဲ့ ညတွေများတယ်။
အမည်မသိ ကဗျာဆရာတစ်ယောက်ရဲ့ အင်္ဂလိပ်ကဗျာလေးပါ
Anonymous
Anonymous said...
In this place, There are a lot of ways to educate people.we need to learn how to educate people in here andtry to use those ways for others who really need it at other side of world.
In this place, There are a lot of methods and techniques to take care people health.we need to learn how to take care the health of people in here and try to use those methods for others who really need it at other side of world.
In this place, There are very latest technologies for people to live easy.we need to learn how those technologies work in here and try to develop those technologies for others who really need it at other side of world.
In this place, There are a lot of food for people to eat.Also there are full of land at other side of world and planty of food,but we need to know how to grow good food at those land and make sure how to deliver those food to people who really need to eat at there.
In this place, All the people can feel the real taste of the freedom.At the other side of the world, people are fight for a little bit of their freedom and right.We need to give all the best of our help to them and fight for the freedom with them until we lost our life.
So please unite and fight together.
ကျွန်တော်ကြိုက်ခဲ့ဖူးတဲ့ အခုထိလဲ ကြိုက်နေဆဲ ဖြစ်တဲ့ အမည်မသိ ဘလော့ဂါတစ်ယောက်ရဲ့  ကဗျာလေးကို ပြန်တင်ချင်ပါတယ်
ဆေးရုံ
မျှော်လင့်ချက်မဲ့နေတဲ့မျက်နှာ
ဘ၀ကိုနောက်ဆုံးအချိန်ထိဖက်တွယ်
အိမ်သားတွေအတွက်ဟန်ဆောင်ပြုံးလို့ 
နောက်လာမဲ့ဘီလ်စာရွက်အတွက်ရင်လေးလို့
ညည်းညူလူးလိမ့်  ငိုကြွေးအော်ဟစ်
ဘုရားတရား ဂုဏ်တော်တွေပွားလို့ 
သေခြင်းတရားကို မတုန်မလှုပ်
သေခြင်းတရားကို ရုန်းကန်တွန့် ဆုတ်
အသက်ရှစ်ဆယ်ကျော်အဖွားအိုက
မရှိတော့တဲ့ အမေကိုတမ်းတ
ရက်ကြာကြာနေရမဲ့ လူတွေက
ရွာကိုတမ်းတ
လူနာစောင့်တွေရဲ့ 
အပြုံးတွေက နွမ်းလျလျ
ပုလင်းထဲကသွေးတွေက တစ်စက်ပြီးတစ်စက်
အဆင်းပျောက်တဲ့နံရံတွေကအေးတိအေးစက်
နေကောင်းသွားမှာပါတဲ့
ဆရာမလေးကအပြုံးယဲ့ယဲ့
ဆရာဝန်ကြီးရဲ့ နှလုံးသားဟာ
ဓာတ်မှန်မှာမပေါ်ဘူးတဲ့
လူနာတင်လှည်းအသံ
အောက်စီဂျင်တွန်းလှည်းအသံ
နှလုံးသည်းပွတ်မှ ငိုကြွေးသံ
စိုးရိမ်စိတ်တို့ ၏ ရင်ခုန်သံ
အားကိုးရာမဲ့လူနာများ၏ ပင့်သက်ရှိုက်သံ
ဝေဒနာညည်းညူသံ
လူဖြစ်ရတဲ့ဒုက္ခကိုခဏတော့နားလည်လိုက်မိ။ 
(ဘလော့ဂါတစ်ယောက်ရေးထားတာပါ။တော်တော်တော့ကြာပါပြီ)
ဘယ်နှကြိမ်ဖတ်ဖတ် ဖတ်လိုက်တိုင်း ရင်ထဲမှာ ခံစားချက်တစ်ခုခု ကျန်ခဲ့ရတဲ့ ကဗျာလေးပါ။
ဘာရယ် ညာရယ် မဟုတ်ပဲ ဒီနေ့  ဘလော့ စလုပ်ကြည့်တယ်
အဆင်ပြေလားမပြေလားတော့ မသိဘူး..:)